အညာသားလေး
Monday, December 5, 2016
Sunday, August 24, 2014
Tuesday, January 29, 2013
သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)ရဲံ.....တတိယမြောက်....
“သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ်၊ ဆွမ်းမှာပိဏ္ဍပါတ်” ဟူ၍ ရှိလေရာ မြတ်စွာဘုရားရှင် မိန့်ကြားခဲ့သည့် အတိုင်း
အမြတ်ဆုံးအလှူတို့တွင် ကထိန်သင်္ကန်း လှူခြင်းလည်း ပါဝင်၏။
ဦးစွာ ကထိန်မမြောက်သော သင်္ကန်းများမှာ...
၁။ နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၂။ ဤသင်္ကန်း (ဗိုလ်မ၊ ကြာငါးခိုင်၊ ဇောတိက၊ သမ္မတစသည်)တို့ဖြင့် ကထိန်ခင်းရမည်ဟူ၍ ဘုန်းကြီးကပြော၍ ကထိန်ခင်းလျှင်
၃။ ငါ့၌ရှိသောသင်္ကန်းကို ဝတ္ထုငွေနှင့်လဲလှယ်၍ ကထိန်ခင်းပါဟုဆိုလျှင်
၎။ ခေတ္တငှားရမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၅။ ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ သိုမှီးသိမ်းဆည်းထားသည့် သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၆။ ကထိန်ခင်းသည့် နေ့မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၇။ ကထိန်ခင်းသည့်နေ့မှာပင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း(သို့မဟုတ်) ငါးခန်းထက်ပိုအောင် မဖြတ်ထား သော
သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၈။ ကျောင်း၌ ယခင်က ကပ်ထားသည့် သင်္ကန်းများ၊ ကပ္ပဗိန္ဓုထိုးပြီးသား သင်္ကန်းများနှင့် ကထိန်ခင်းလျှင် ကထိန်မမြောက်ပါ။
ကထိန်မြောက်သော သင်္ကန်းများမှာ.......
၁။ သင်္ကန်းအသစ်နှင့် ကထိန်ခင်းလျှင်
၂။ နိမိတ်မပြဘဲ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၃။ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၎။ မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၅။ ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်း၌ မသိုမှီးမသိမ်းဆည်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၆။ ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်းကို ကြိုတင်မပို့ထားသော သင်္ကန်း၊ ကထိန်းခင်းမည့် နေ့ရက် ရောက်မှ
ကျောင်းကိုပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၇။ ကထိန်ခင်းသည့်နေ့မှာပင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း(သို့မဟုတ်) ငါးခန်းထက်ပိုအောင်
ဖြတ်ချုပ် ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
.

စာရေးဆရာနန္ဒမိုးကြယ်ရဲ့ သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)မှကောက်နူတ်ပါသည်
Wednesday, January 23, 2013
ပျော်သလားဟေ့
- သိပ်ပျော်လို့ နေတာပေါ့..ငါ့မှာတော့အရူးကြီးလို မှိုင်ငေး ဘိုင်ထေခါဘုပြော ပျော်သလားဟေ့
- မဆိုသာ ငိုက်မည်ကာ စိတ်ဆော သူ့မှာတကယ်သာ ပျော်စရာတွေထွေပိုက် ကြင်သူကို မေ့ရှာ
- သံပရာနဲ့ဆီဗူး ဆန်းပြားတဲ့ ဂိမ်းမှာ စုပြုံလိုက်လျော အားပေးတဲ့လူတစု ငါကြည့်လို့ မရပါလား
- သဲလေးချိုရာ......နှစ်သစ်ကူးမှာ ငါရဲ့ အချစ်တွေ မမြူးနိုင်ပါလားကွာ......
Tuesday, January 22, 2013
ညီညာမှ ပြည်သာမှာ
- တွဲလက်ညီညီ ရှေ့သို့ချီ မယိုင်မလဲခိုင်မြဲစွာဆုပ်
- ရန်ဆွယ်ခလုတ်အား မှန်စွာနှုတ်စို့
- တတ်အားကိုယ်စီ ဥာဏ်ဖြင့်သီ
Sunday, January 20, 2013
အော်လိုက်မယ်
- တိုက်ဆိုင်ရင်ခွင့်လွတ် အမှားပါရင်အပြစ်မမြင်စတမ်း
- ရင်ထဲကထွက်ပေါ်လာ အမှန်တရားတွေက
- ထပ်ထပ်ကာဟစ်ကြွေး ထိုသူများသိစေချင်
- အမှားတွေက သူတို့တွေအတွက်တော့ အမှန်
- အမှန်တရာတွေက ဒို့လူတွေအတွက်အမှား
- သိပ်ဆန်းပြားတဲ့ ကောင်ကင်ပြာအောက်
- ခရီးနှင်ရင်း လိုရာမရာက်တော့
- ရင်ထဲကအစိုင်းအခဲ မျိုသိပ်မရ၊ထိုးထွက်လာ
- တော်ပါတော့ တော်ပါတော့ ကိုကြီး တော်ပေပပေါ့..........
Friday, January 18, 2013
Subscribe to:
Posts (Atom)